Tuesday, February 28, 2012

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့  ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူအတွက် ခွပ်တော့မယ် ဟန်ချီ

ပြည်သူအတွက် ခွပ်တော့မယ် ဟန်ချီ

ခွပ်တော့မယ် ဟန်ချီ ပြည်သူအတွက်

အရမ်းလှ၊ အရမ်းပြောင်မြောက်သော ဒေါင်း

(ရွှေခွပ်ဒေါင်းနဲ့ မွေးမြူသူ)
မန္တလေးမှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည့် ယာဉ်အား မွမ်းမံနေပုံဖြစ်ပါသည်။

ရွှေရောင်တောက်ပ ခွပ်ဒေါင်းအလှ

မန္တလေးမှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည့် ယာဉ်အား မွမ်းမံနေပုံဖြစ်ပါသည်။

 ခွပ်ဒေါင်းတန်းဘိုး ကျပ်၇ သိန်းကျသင့်ကြောင်း၊တံတားဦးမြို့နယ်(အင်းဝ)ဟံသာဝတီကျေးရွာမှ
 ဦးကတိုး(ကထိက -ငြိမ်း)ယွန်းသိပ္ပံမှ ပုံမှန် ၃ လကြာမည့်အချိန်အစား ၁၆ ရက်ဖြင့် အပြီးပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရပါသည်။
လက်ရှိမှာ အချောမပြီးသေးကြောင်း ကြိုဆိုရေးကိစ္စပြီးမှ ထပ်မံအချောပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။

Tuesday, February 21, 2012

မမေ့ကြပါနဲ့

မမေ့ကြပါနဲ့
ဖိုးသိကြား

ခုချိန်မှာ အားလုံးရဲ့နှုတ်က
တဖွဖွမချ ပြောနေကြတာ
ဗိုလ်ချုပ် ... ဟုတ်တယ်
ကျနော်တို့ရဲ့ဗိုလ်ချုပ်
လွတ်လပ်ရေးရဲ့ဖခင်
ကျနော်တို့ရဲ့ကျေဇူးရှင်
သခင်အောင်ဆန်းလေ
ဒါပေမယ့်ပေါ့ဗျာ ...
ဗိုလ်ချုပ်ကိုလည်း သတိရပါ
ယုံကြည်ချက်မှ အကျဉ်းကျတွေကိုလည်း
မေ့မထားကြပါနဲ့ ...။

ဗိုလ်ချုပ် ယူပေးခဲ့တဲ့
လွတ်လပ်ရေးဟာ
အားလုံးအတွက်ပါ
ဒါပေမယ့် ...
တို့တတွေရဲ့ဘဝ
ညီမျှခဲ့ကြလား။

မပီသတဲ့ ခေါင်းဆောင်လက်မှာ
တို့နိုင်ငံဟာ
မွဲပြာကျမတတ်ဖြစ်ခဲ့ရတာ
အားလုံးအသိ
ထိုအသိမှနှိုးဆော်
အများအကျိုးမျှော်လို့
ပြည်သူ့ရှေ့မှ မားမားရပ်
တို့အားလုံးအတွက်
တောင်းဆိုချက်တွေနဲ့
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကို
သူတော်မဟုတ် သူယုတ်တို့က
အကျဉ်းချသတဲ့ ...။

ယုံကြည်ချက်ကြောင့်
အကျဉ်းကျသူ
ဘယ်မှာရှိဖူးသလဲ
တို့နိုင်ငံမှာ လာကြည့်
အများကြီးတွေ့လိမ့်မယ် ...။

တကယ်တော့ သူတို့တွေဟာ
ရာဇ၀တ်သားတွေမဟုတ်
သူခိုးဓမြတွေမဟုတ်
လူသတ်သမား
လူရမ်းကားတွေမဟုတ်
ပြည်သူ့အရေးအတွက်
ဦးဆောင်ပေးဆပ်ခဲ့တဲ့
သာသနာ့ဝန်ထမ်းတွေ ...
ကျောင်းသားဟောင်းတွေ ...
စာပေအနုပညာရှင်တွေ ...
ငါတို့ရဲ့သူရဲကောင်းတွေ ...။

သူတို့တတွေ မလွတ်သမျှ
ဒီမိုကရေစီလမ်း
ခရီးမရောက်သေး
သူတို့ဖောက်ခဲ့တဲ့လမ်း
သူတို့ မလျှောက်လှမ်းနိုင်သရွေ့
ပန်းတိုင်ဆိုတာ
ကန္တာရအလယ်က
တံလျှပ်ပမာပဲ ရှိနေဆဲပါ ...။

ဒီတော့ ...
တို့တွေအတွက်
ဘ၀တွေစတေး
လမ်းဖောက်ပေးခဲ့တဲ့
သူရဲကောင်းတွေကို
တို့တွေ ...
ထားပစ်ခဲ့မှာလား
မေ့လျော့နေကြမှာလား
လက်တွဲဖြုတ်ခဲ့တော့မှာလား။

တို့ပျော်ရွင်နေတဲ့အချိန်မှာ
သူတို့တွေက ငေးမောနေကြရဲ့
တို့ရယ်မောနေချိန်မှာ
သူတို့တွေက တွေးတောနေလေရဲ့
တို့အာင်ပွဲခံနေချိန်မှာ
သူတို့တွေက သံတိုင်တွေနောက်မှာ ...။

အမေစုအနားမှာ
အခြွေအရံများတာကို
ဝမ်းသာပေမယ့်
သူတို့တွေရဲ့အကျဉ်းတံခါးတွေ
ဖွင့်ပေးဖို့ကို ပိုအလိုရှိပါတယ် ...။

The Lady ရုပ်ရှင်
အောင်ပွဲဆင်နေတာ
ကြည်နူးမိပေမယ့်
သူတို့တွေရဲ့ မျက်စိတွေကို
ပိုမိုခံစားစေလိုပါတယ် ...။

ဗိုလ်ချုပ်ဘ၀ ရုပ်ရှင်ကားအတွက်
ပီတိဖြစ်ရပေမယ့်
သူတို့တွေရဲ့ဘ၀တွေအတွက်
အမြန်ဆုံး လွတ်လပ်စေချင်ပါတယ် ...။

အားလုံးကို သတိပေးလိုတာက
ကျနော်တို့ရဲ့ပျော်ရွှင်မှုတိုင်းမှာ
သူတို့တွေရဲ့ဘ၀တွေ
ရောပါနေတယ်ဆိုတာ
မမေ့ကြပါနဲ့ ...။     ။

လီနင်၊ ဂန္ဒီ

လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်  ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင် ‘အရုဏ်ဦး’ အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင် တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင် ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။
လီနင်နှင့်သူ၏ရုပ်ရှင်
လီနင် ဆိုသည်က ရုရှားတို့အတွက် တော့ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လူထုနှင့် တစ်သားတည်း နေသည်။ လူထု ဘဝထဲမှာပင် လူထုနှင့် အတူ ရိုးသားစွာ နေ ထိုင်ခဲ့သည်။ ဘယ်လောက် အထိ ရိုးသားသလဲ ဆိုပါလျှင် သူ၏လောင်းကုတ် အင်္ကျီ ရှည်ကြီး စုတ်ပြဲနေသည်ကို သူ့ရဲဘော်တစ်ဦး က မြင်ရာ ‘ခေါင်းဆောင်ကြီးရယ် ၊ လောင်းကုတ် အင်္ကျီတစ်ထည် လောက်တော့ ချုပ်ဝတ်သင့်ပါတယ်’ ဟုပြောတော့ လီနင်က လမ်းဘေးတွင် ထိုင်တောင်းနေသော သူတောင်းစား တစ်ဦး ကိုလက်ညှိုး ထိုးပြသည်။ ”ကျုပ်က သူ့ထက်တော့ သာပါတယ် မောင်ရင်ရယ်။ သူတို့လို လူတွေအတွက် ကျုပ်တို့ လုပ်ပေး စရာတွေ အများကြီး ရှိပါသေးတယ်။ ကျုပ် က ကုတ်အင်္ကျီ အသစ်ချုပ် ဝတ်လိုက်မယ် ဆိုရင် ပြည်သူပြည်သားတွေ အတွက် သုံးဖို့ထားတဲ့ တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ်ထည်ဖိုး လျော့သွားမှာပေါ့” လို့ ပြောခဲ့သူ လူရိုးကြီး ဖြစ်သည်။ သည်စဉ်က လီနင်မှာ ဝန်ကြီးချုပ် ဖြစ်နေပြီ ဖြစ်သည်။ ပြောရလျှင် တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ် ထည်ဖိုးမျှပင် ပြစ်မှားခဲ့သူ မဟုတ်။
သူ့အကြောင်း ပြောရင်း လီနင်၏ ကျောင်းသား ဘဝက ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသား ဘဝနှင့် တူနေတာတွေ တွေ့ရ သည်။ လီနင် တစ်ယောက် ကာဇံ တက္ကသိုလ် မှာ ကျောင်းတက်နေစဉ် နိုင်ငံရေး လုပ်သဖြင့် ကျောင်းထုတ် ခံလိုက်ရသည်။ ဤအကြောင်း ကို ‘ပထမ ဘစ္စတီလီ’ ဇာတ်ကားတွင် ရိုက်ကူး ပြသခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လည်း ကျောင်းသား ဘဝတွင် နိုင်ငံရေး လုပ်သည်။ ‘ငရဲခွေးကြီး လွတ်နေသည်’ ပေးစာ တစ်စောင်ကြောင့် ကျောင်းမှ ထုတ်ပယ်ခံရ သည် ။ ကျောင်းထုတ် ခံရတော့ နိုင်ငံရေးဘက် မှာပိုပြီး လုပ်ဖြစ်လာသည်။ နယ်ချဲ့ဆန့်ကျင်ရေး နှင့် လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်က ပိုမြင့်လာ ခဲ့သည် ။ ဤကားလီနင်နှင့် ဗိုလ်ချုပ် တူညီ သောအချက် လည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ ရောက်ရှိစဉ် ခေါင်းဆောင်ကြီး ဂန္ဒီ၊ နေရူးတို့နှင့် အတူတွေ့ရစဉ်
လီနင်ရုပ်ရှင်ကားတွေ
၁၉၇ဝ ဝန်းကျင်ကာလ အထိ ဆိုဗီယက် ပြည်ထောင်စုတွင် လီနင်နှင့် ပတ်သက်သော ရုပ်ရှင်ကား (၁၉) ကားမျှရှိခဲ့သည်။ (၁)အရုဏ်ဦး၊ (၂)အောက်တို ဘာလအတွင်းမှ လီနင် ၊ (၃) ပိုလန်ပြည်ရောက် လီနင်၊(၄) ၁၉၁၈ ခုနှစ်အတွင်းမှ လီနင်၊ (၅) အပြာရောင် မှတ်စုစာအုပ်၊ (၆)အောက်တို ဘာ၊ (၇)ရာစုနှစ်ကူး ပြောင်းချိန်၊၊ (၈)အပ္ပရှင်န တာ တေးသီချင်း၊ (၉)ပထမ ဘစ္စတီလီ၊ (၁ဝ) လီနင် အကြောင်း ဇာတ်လမ်းများ၊ (၁၁) သေ နတ်နှင့်လူ၊ (၁၂) ဥလယာနော့ မိသားစု၊ (၁၃) မိခင်၏ နှလုံးအိမ်၊ (၁၄) မိခင် ၏ဆုတောင်း၊ (၁၅) ဇူလိုင်လ ၆ ရက်၊ (၁၆) လီနင် အကြောင်း သတင်းကားများ၊ (၁၇)လီနင် အကြောင်း မော်ကွန်းတင် ကားများ၊ (၁၈) လီနင်အကြောင်း လူထုသိပ္ပံ ရုပ်ရှင်ကား၊ (၁၉) တမြေတည်း တရေတည်း စသည့် ရုပ်ရှင်ကား ၁၉ ကားမျှ ရှိခဲ့သည်။
ထို ရုပ်ရှင်ကားများကို ပြည်သူလူထု အတွင်း သာမက စာသင်ကျောင်းများ၊ လူငယ် အဖွဲ့အစည်းများ အတွင်း၌ပါ ပြသခဲ့ရာ သူတို့ နိုင်ငံ၏ သမိုင်းဘာသာရပ်ကို သင်ကြားပေး သကဲ့သို့ရှိပြီး မျိုးချစ်စိတ်၊ တိုင်းပြည်ချစ် စိတ် တွေကို လှုံ့ဆော်ပေးခဲ့သည်။ ဤ အချက်မှာ အတုယူဖွယ် ကောင်းလှသည်။
လီနင်ပြီးတော့ ဂန္ဒီ
အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီ ကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်တွင်  မွေးဖွားသည်။ (သည်နေ့ကို အိန္ဒိယနိုင်ငံ တွင် အမျိုးသားနေ့ အဖြစ် သတ်မှတ် ထားသည်။)  အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် အကြမ်း မဖက်ရေး၊ အစိုးရနှင့် မဆက်ဆံရေး၊ နိုင်ငံခြား ဖြစ် အားမပေးရေး၊ ပြည်တွင်းဖြစ်ကို အားပေး ရေးစသည့် သကျဂရဟ မူများနှင့် တော်လှန်ခဲ့သည်။ မြန်မာနိုင်ငံကို လာရောက်စဉ်က ကြည့်မြင်တိုင် မြို့နယ် သာဓုကျောင်း တိုက်ရှေ့ တွင် ငြိမ်းချမ်းရေး တရားကို အင်္ဂလိပ် ဘာ သာ ဖြင့်ဟောခဲ့ဖူးကြောင်း ဦးထွန်းဖေ (ထွန်းနေ့စဉ်)၏ ဆောင်းပါး တစ်ပုဒ်တွင် ဖတ်ရဖူးသည်။ နောက်ဆုံး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃ဝရက်နေ့ တွင် လုပ်ကြံခံခဲ့ရသည်။ (ဤနေ့ကို အာဇာနည်နေ့ အဖြစ် အိန္ဒိယတွင် သတ်မှတ်ထားသည်။)
လီနင် နည်းတူ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကား မှာလည်း ကမ္ဘာကျော် ရုပ်ရှင် ကားကြီး တစ် ကားဖြစ်ခဲ့သည်။ အိန္ဒိယနှင့် ဗြိတိန်တို့ ဖက်စပ် ရိုက်ကူးခဲ့ပြီး ဒေါ်လာ၂၂သန်း အကုန်အကျခံ ရိုက်ကူးခဲ့သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူ မှာ Richard Attenboro -ugh ဖြစ်ပြီး မင်းသား Ben Kingsley က ဂန္ဒီကြီး အဖြစ် သရုပ်ဆောင်ထားသည်။ ရုပ်ရှင်ပြသချိန် ၁၉၁ မိနစ် (ကားပိုင်း ၁၉ ပိုင်း) ပေပေါင်း ၁၉ဝဝဝ ကျော် ရှည်သည်။ သည် ဇာတ်ကားကို အိန္ဒိယတွင် ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၃ဝရက် ၊ဗြိတိန်တွင် ဒီဇင် ဘာ ၃ ရက်တို့၌ ပြသခဲ့ပြီး ဒေါ်လာ ၅၂သန်း ကျော် ရခဲ့သည်။
အကယ်ဒမီဆု ရှစ်ဆု ဆွတ်ခူး နိုင်ခဲ့သည်။ မူရင်း ဘာသာစကားမှာ ဟင်ဒီဘာသာ ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာစကား စာတန်းများ ထိုး ကာ ပြသခဲ့ကြသည်။ ကမ္ဘာ့ ရုပ်ရှင် သမိုင်းတွင် လူအများဆုံး ပါဝင်ရိုက်ကူးသော ဇာတ်ကား အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ ဂန္ဒီကြီး၏ အသုဘ ပို့ဆောင်သည့် အခမ်း အနားပြကွက်တွင် လိုက်ပါ ပို့ဆောင်သူများမှာ  တကယ့် လူအစစ်များဖြင့် ရိုက်ကူးခဲ့သည်။ ကွန်ပျူတာ အထူး ပြုလုပ်ချက်ဖြင့် မရိုက်ဘဲ လူနှစ်သိန်း ကျော်မျှ အသုံးပြု ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် ဗိုလ်ချုပ်တို့၏ ဈာပန အခမ်းအနားသည်လည်း လိုက်ပါပို့ ဆောင်သူများ မှာ ဂန္ဒီကြီး၏ အသုဘလိုပင် လိုက်ပါ ပို့ဆောင်သူ များပြားလှသည်ကို သမိုင်း မှတ်တမ်းတင် ဓာတ်ပုံများတွင် တွေ့ရမည် ဖြစ်ပါသည်။

”ရာစုနှစ်ကူးပြောင်းချိန်” ရုပ်ရှင်ဇာတ်ကားတွင် ဝိုင်ကယုရော့ဗ်က လီနင်အဖြစ် သရုပ်ဆောင်၍ အီးစ်ကိုက လီနင်၏ဇနီး ကရုပ်စကာယအဖြစ် သရုပ်ဆောင်ခဲ့သည်။
လီနင်၊ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်း
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ၄င်းတို့၏ ခေါင်းဆောင်ကြီးများ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်ကူး၍ တခမ်းတနား ပြသခဲ့ကြသည် ။ မြန်မာ နိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်၍ ရုပ်ရှင်ကား တစ်ကားမှ မရှိသေးပါ။ မှတ်တမ်း ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့သော သတင်းကား များသာ ရှိခဲ့ဖူးသည်။ ၁၉၄၅ ခုနှစ် နိုဝင်ဘာ လ၁၈ရက်နေ့ တွင် ရွှေတိဂုံ စေတီတော် အလယ်ပစ္စယာ ၌ ဖဆပလ ဦးဆောင်၍ ဘုရင်ခံ ၏ လုပ်ရပ်ကိုရှုတ်ချ ပြီး ဆင်းမလား စက္ကူဖြူ စီမံကိန်းကို လုံးဝ လက်မခံကြောင်း လူထု အစည်း အဝေးကြီး တစ်ခုကို ကျင်းပခဲ့သည်။ အစည်း အဝေး အခမ်းအနားကြီး ကို အေဝမ်းဖလင်နှင့် ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီ တို့က မှတ်တမ်းရုပ်ရှင် အဖြစ်ရိုက် ကူး ခဲ့ကြောင်း မှတ်တမ်း များတွင် တွေ့ရှိရသည်။ ဗိုလ်ချုပ်၏ဘဝ တစ်စိတ်တစ်ဒေသနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနား မှတ်တမ်း ရုပ်ရှင်တွေ ရှိခဲ့ဖူးသည်။ ထို့အပြင် BBC မှ ထုတ်လွှင့်သော အစီအစဉ် တစ်ခုတွင် ဗိုလ်ချုပ်တို့ ကိုယ်စား လှယ်အဖွဲ့ ဗြိတိသျှ အစိုးရနှင့် လွတ်လပ်ရေး အတွက် အမှတ် (၁ဝ) ဒေါင်းနင်းလမ်း တွင် ဆွေးနွေးကြပုံ၊ နောက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပုံ (သည်အခန်းက ဖန်တီး ရိုက်ကူးထားသော အပိုင်းဖြစ်သည်) တို့ကို ကြည့်ရဖူးသည်။

၁၉၄၅ ခုနှစ်နိုဝင်ဘာလ ၁၈ရက်နေ့က ရွှေတိဂုံအလယ် ပစ္စယာတွင် ကျင်းပခဲ့သောဆင်းမလားစက္ကူဖြူစီမံကိန်းကန့်ကွက်ပွဲမြင်ကွင်း ( ဤ့ပုံတွင် ဗိုလ်ချုပ်၏ ရှေ့ဘက်၌ထောင်ထားသော ရုပ်ရှင် ကင်မရာ ကိုမြင်တွေ့နိုင်ပါသည်။
ကြည့်ရဦးမည့်ဗိုလ်ချုပ်ရုပ်ရှင်
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့ က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း အစိုး ရ၏ မူဝါဒ ပြောင်းလဲမှုများ ထင်သာ မြင်သာ ရှိလာခဲ့သည့် အနက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္ထုပ္ပတ္တိ ရိုက်ကူးရန် ခွင့်ပြုလာ မှုသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ ယခင် အစိုးရ လက်ထက်က ဗိုလ်ချုပ်ပုံပင် မီဒီယာများ၊ သတင်းစာမျက်နှာ များတွင် သုံးခွင့်မရခဲ့။ ယခုခွင့်ပြုပြီ။ ဒေါ်အောင်ဆန်းစုကြည်သာ အကူအညီ လိုအပ်ပါက ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရိုက်ကူးရာတွင် အကူအညီ ပေးနိုင်ပါကြောင်း တာဝန်ရှိသူများက ဆိုလာသည် အထိ ဗိုလ်ချုပ် ရုပ်ရှင်ကား ရိုက်ကူးရန် အခြေအနေ က ပေးလာနေ ပြီဖြစ်သည်။
နိုင်ငံသား တစ်ဦး၊ ဗိုလ်ချုပ်အား ကြည်ညိုသူ တစ်ဦးအနေဖြင့် ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးမည် ဆိုသောအခါ အတိုင်းမသိ ဝမ်းမြောက်ရသည်။ ရုပ်ရှင် ရိုက်ကူး ရမည့် အချိန်က အနည်းငယ် တိုတောင်းသည်ဟု တော့ ထင်မိသည်။  ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် အနှစ်တစ်ရာပြည့် အမီ ရိုက်ကူး ထုတ်လုပ်ရမည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပါ။ ဖြစ်နိုင်လျှင် ဗိုလ်ချုပ်နှင့် ပတ်သက် ခဲ့သူတွေ၊ ဗိုလ်ချုပ် ခရီးစဉ်များတွင် ဗိုလ်ချုပ် နှင့် ထိတွေ့ဆက်ဆံခွင့် ရသူတွေ တွေ့ဆုံ မေးမြန်း တာ၊ အမှတ်တရ နေရာ များကို သွားရောက် လေ့လာတာတွေ လုပ်မည် ဆိုလျှင် အချိန်ယူ ရမည်ဖြစ်သည်။
ဖြစ်နိုင်လျှင် အကယ်ဒမီ ရှစ်ဆုရ ကမ္ဘာကျော် ‘ဂန္ဒီ’ ဇာတ်ကားလို ရုပ်ရှင် ကားကြီး တစ်ကား ဖြစ်လာစေချင်သည်။ မြန်မာ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်နှင့် ပတ်သက်သော အထောက်အထား များကို ရှာဖွေ စုဆောင်း၍ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ကားကြီး တစ်ကား ဖြစ်လာအောင် တခမ်းတနား ရိုက်ကူးစေချင် ပါသည်။  ဖြစ်နိုင်လျှင် ဗိုလ်ချုပ် ရောက်ခဲ့သော ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ် (အမွိုင်)၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဗြိတိန် အထိသွား၍ ရိုက်ကူးရမည် ဖြစ်ရာ လုပ်ငန်း ပမာဏက အတိုင်းအဆ က ကြီးမား လွန်းလှသည်။ ဖြစ်နိုင်လျှင် လန်ဒန်မြို့၊ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်အထိ သွား၍ ရိုက်ကူးစေချင်သည်။
မြန်မာနိုင်ငံသား အားလုံးကလည်း ဗိုလ်ချုပ် ဟေ့ဆိုလျှင် ဝိုင်းဝန်း ကူညီရန် အသင့်ရှိနေကြ မည်မှာ အသေအချာပင် ဖြစ်ပါသည်။ကျွန်တော်တို့ မြန်မာ ပြည်သူများ မျှော် လင့် တောင့်တနေသော ဗိုလ်ချုပ် အတ္ထု ပ္ပတ္တိ ရုပ်ရှင် ကားကြီးကို စောင့်မျှော်ကြပါဦးစို့ . .။  ။
သိန်းအေး (ပေါ်ပြူလာဂျာနယ်)
ရည်ညွှန်း -
(၁) Wikipedia (Internet)
(၂) ခေါင်းဆောင်ကြီးများကို ရုပ်ရှင်ဖြင့် ဂုဏ်ပြုခြင်း (ရွှေမန်းတံစဉ်) (၁၉-၇-၇ဝ)နေ့ထုတ် ပြည်သူ့ကြယ် ဂျာနယ်
(၃) မြန်မာ့ရုပ်ရှင် သမိုင်းစဉ်၊ ငွေရတုကာလ (၁၉၂ဝ-၁၉၄၅)
(၄) Gandhi ရုပ်ရှင်ဇာတ်ကား
(၅) အောင်ဆန်းဇာနည် (သိန်းအေး)
(၆) ခေါင်းဆောင်ကောင်း (ထက်မြက်) PopularNews  (2-2-2012)
(၇) ဦးထွန်းဖေ(ထွန်းနေ့စဉ်) ဆောင်းပါးပေါင်းချုပ်
(၈) ကိုယ်ပိုင်မှတ်စုများ

လီနင်၊ ဂန္ဒီ

ွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်  ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင် ‘အရုဏ်ဦး’ အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင် တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင် ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။

Tuesday, December 13, 2011

%%% တကယ်ချစ်ရဲ့ လား%%%%%

%%% တကယ်ချစ်ရဲ့ လား%%%%% လောကတွင် လူသားများအသုံးပြုများသော စကားလုံးတစ်ခု ရှိပါသည်။ ထိုစကားလုံးမှာ တကယ်ချစ်ရဲ့လားဆိုသည့်စကားပင် ဖြစ်ပါသည်။ ဒီစကားလုံးကို အများသူငှာပြောနေကြသော်လည်း မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ နားလည်သူက နည်းပါးမည် ထင်ပါသည်။ ထို့ကြောင့်လည်း တကယ်ချစ်ရဲ့လားဟု သူတစ်ပါးကိုပဲ မေးနေကြခြင်း ဖြစ်သည်။

တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်သောသူသည် သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်သောသူသည် သူတစ်ပါးကိုချစ်၍ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမည့် အများအကျိုးကိုသာ ပြုလုပ်ပေးကြသည်။ မိမိကိုယ်ကို တကယ်ချစ်၍ ကောင်းတာများလုပ်မှသာလျှင် မိမိလည်း ကောင်းစားမှာဖြစ်ပြီး မိမိချစ်သော သူတစ်ပါးသည်လည်း ကောင်းစားမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို မချစ်၍ မကောင်းတာများလုပ်မည်ဆိုလျှင် မိမိမကောင်းကျိုးများ ခံစားရမည်ဖြစ်သောကြောင့် သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာများ ခံစားရမည်မဟုတ်ပေ။
သူတစ်ပါးအသက်ကိုသတ်လျှင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် ထိုကဲ့သို့သော စိတ်ဒုက္ခများစွာခံစားရမည့်အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမည့်အပြင် မိမိအမြဲချမ်းသာမှုများခံစားရမည့် မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရပါမည်။ သို့မှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်၍ မိမိကိုယ်ကိုချစ်သောသူဟုလည်း ခေါ်ဆိုနိုင်ပါမည်။ ထိုသို့မဟုတ်လျှင်တော့ မိမိကိုယ်ကို တကယ်ချစ်သောသူဟု မဆိုနိုင်ပေ။
သူတစ်ပါးပစ္စည်းကို ခိုးယူသူသည် ပစ္စည်းခိုးရန် အကြံထုတ်ခြင်း၊ စွန့်စားရခြင်းတို့ကြောင့် သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေသဖြင့် သူခိုးများ၏ မျက်နှာမှာ လူချောလူခန့်ဟု မရှိဘဲ ရုပ်ဆိုးများသာ ဖြစ်နေကြပေသည်။ နောင်ဘ၀တွင်လည်း မိမိ၌ ထိုကဲ့သို့သော ဆင်းရဲမှုများနဲ့သာ ရင်ဆိုင်ရမည့်အပြင် ဖြစ်လေရာမှာ ချမ်းသာသောသူ မဖြစ်သဖြင့် မိမိကိုယ့်ကို ဒုက္ခပေးသူဖြစ်၍ မိမိကိုယ့်ကို ချစ်သောသူမဖြစ်နိုင်ပါ။ ထိုသို့မိမိကိုယ့်ကိုမချစ်သဖြင့် မချမ်းသာသောသူသည် သူတစ်ပါးကိုလည်း ချမ်းသာအောင်ပြုလုပ်ပေးနိုင်မည်မဟုတ်သောကြောင့် သူတစ်ပါးကိုလည်း တကယ်ချစ်သောသူဟု မသတ်မှတ်နိုင်ပေ။
သူတစ်ပါးသားမယားကို ပြစ်မှားသူသည် သံသရာဘက်ကကြည့်လျှင် နောင်ဘ၀မှာ မိမိအား စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။ ထို့အတူ ယခုမျက်မှောက်ဘ၀အတွက် ကြည့်လျှင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများ ခံစားရပါသည်။ အမှန်ကိုအမှန်အတိုင်းမသိသောသူများသည် တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။
သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူသည် ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမည့်အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများဖြင့် ပြည့်နပ်နေပြီး မကောင်းကျိုးများဖြင့်သာ ကျင်လည်နေရမည်ဖြစ်သောကြောင့် ထိုသူသည် မိမိကိုယ့်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပါ။
အရက်သေစာသောက်စား မူးယစ်နေသောသူသည် မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိ၏စိတ်သည် ပုံမှန်မဟုတ်သဖြင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်သဖြင့် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းတို့အပြင် နောက်ဘ၀တွင်လည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစသော မကောင်းကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် မိမိကိုယ်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပေ။
ထို့အတူ ဒေါသကြီးသောပုဂ္ဂိုလ်များသည် ယခုဘ၀၌ မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသောသူ ဖြစ်ရပါသည်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ရပေမည်။ ထို့ကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးပေးသင့်ပါသည်။
လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြသည့် ပရဟိတလုပ်ငန်းဆိုတာ ရှိပါသည်။ ထို့လုပ်ငန်းသည် တကယ်တွေးကြည့်လျှင် မိမိကိုယ်ကိုချစ်၍ သူတစ်ပါးကိုချစ်နေကြသော ပုဂ္ဂိုလ်များ၏အလုပ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကိုကူညီပေးလိုက်လျှင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးလျက်ဖြစ်နေသောကြောင့် သူတစ်ပါးစိတ်ချမ်းသာ ပျော်ရွှင်ရသလို မိမိလည်းယခုဘ၀မှာ စိတ်ချမ်းသာမှုပီတိများခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားလျက် မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါသည်။
သူတစ်ပါးအကျိုးကိုလုပ်သော ပရဟိတအလုပ်သည် အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်။ မိမိကူညီပေးလိုက်သော သူတို့ထံမှ မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ ပေးဖို့သက်သက်ပဲ ဖြစ်ပါသည်။ မိမိကူညီပြုလုပ်ပေးလိုက်ရ၍ သူတစ်ပါးချမ်းသာသွားသည်ကိုမြင်ရရင် ပရဟိတသမားများ သည် ကျေနပ်နေကြသည်။
လောက၌ ကံဉာဏ်နည်းပါးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မလုံလောက်ရှာကြ၍ မပြည့်စုံသူများအား ကူညီလုပ်ပေးလိုက်ရတဲ့အတွက် သူဒုက္ခမှလွတ်ပါစေဆိုသည့် ကရုဏာ၊ ချမ်းသာပါစေ ဟူသော မေတ္တာအရင်းခံဖြင့် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်ပါသည်။ ကိုယ့်ကျေးဇူးကိုသိသဖြင့် မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါ။ တကယ်စင်စစ်အားဖြင့် ပရဟိတလုပ်ခြင်းသည် လောဘကို တိုက်ရိုက်ဖြိုဖျက်ပေးသောအလုပ်ဖြစ်သည်။ထို့ပြင် မေတ္တာကရုဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေသော အလုပ်လည်း ဖြစ်ပါသည်။ အသိတရား ဦးဆောင်ပြီးလုပ်လျှင် မောဟကိုပါ သန့်စင်လိုက်ခြင်း ဖြစ်သွားသည်။ ထိုကဲ့သို့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရသော အလုပ်ဖြစ်ခြင်းကြောင့် မြင့်မြတ်လှသောအလုပ်ဟု ဆိုနိုင်ပါသည်။
လောကထဲ၌ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေသည့် လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များအား ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် စဉ်းစားကြည့်လျှင် ပရဟိတအလုပ်သည် အလွန်ကြည်နူးစရာကောင်းသော အလုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအများစုသည် ပရဟိတကို စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။
အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြသည့် ပွဲလမ်းသဘင်များတွင် ပရဟိတဝေယျာဝစ္စ ပြုလုပ်ပေးနေသည်ကို မကြာခဏတွေ့မြင်ရပါသည်။ ထိုသူများသည် ပရဟိတစိတ်ဓာတ်ကြောင့် မိမိနှင့်မသက်ဆိုင်သည့် အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။ ထို့အတူ အသုဘပို့မှုများ၌ လူများစုသည် မိမိတို့လိုက်ပါစရာမလိုသော်လည်းပရဟိတစိတ်ရှိသူပီပီ သေသွားသူအား နှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးသည့်အနေဖြင့်လည်းကောင်း ၀ိုင်းဝန်ကူညီပြုလုပ်ပေးနေကြ သည်။ မြတ်ဗုဒ္ဓက ပရဟိတစိတ်ဓာတ်ဖြင့် အလှူတန်းပွဲများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးသောသူသည် အလှူရှင်များ နည်းတူ ကောင်းကျိုးကုသိုလ်ရရှိသည့်အပြင် မေတ္တာကရုဏာဖြင့် ပြုလုပ်ပေးခြင်းကြောင့် သီလလုံခြုံသူများ လည်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။
ဘုရားရှင်နှင့်ရဟန္တာတို့သည် ယခုမျက်မှောက်လုပ်သော ကောင်းကျိုးများ၏ အကျိုးကျေးဇူးများ ကို နောက်ဘ၀တွင် ဆက်လက်ခံစားရန် မရှိသော်လည်း ပရဟိတအလုပ်ကို ပြုလုပ်ပေးကြသည်။ တကယ်ဆို ရဟန္တာအရှင်မြတ်များသည် မိမိတို့ရရှိသည့်နိဗ္ဗာန်ချမ်းသာကို ခံစားနေရပါမည်။ သို့သော် သူတော်ကောင်းတို့၏ စိတ်ဓာတ်သည်ကား မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်သောကြောင့် ပရဟိတလုပ်ငန်းများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်သော အခြေအနေရှိခဲ့ပါသည်။ သို့သော် မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပို၍ ချစ်ခင်သောပရဟိတ စိတ်ဓာတ်ရှိသူဖြစ်သောကြောင့် သာဝကပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်သည့် ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်းပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
သဗ္ဗညုတဉာဏ်ရ၍ မြတ်ဗုဒ္ဓဖြစ်သောအခါ၌လည်း တစ်ရက်ကို(၂၄)နာရီရှိရာ မြတ်ဗုဒ္ဓသည် (၂၂)နာရီ ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့ရဲ့ဆရာသခင် ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓသည်ပင် ဤမျှလောက် ပရဟိတအလုပ် လုပ်ခဲ့သေးလျှင် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓမျှလောက် မလုပ်နိုင်လျှင်သော်မှ မိမိတက်နိုင်သည့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။
ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ် တရားလေးပါးနှင့်ညီသောကြောင့် ဗြဟ္မာများနှင့်တူသော လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပရဟိတလုပ်မနေသောအချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်သောကြောင့် အမြဲလူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပေလိမ့်မည်။ သို့သော် မိမိသန္တာန်၌ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေလျှင်တော့ ထိုသူကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။
ပရဟိတလုပ်သူသည် မိမိတို့ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မည့် အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်၍ သူတစ်ပါးချမ်းသာပျော်ရွှင်သွားသည်ကိုမြင်ရ လျှင် ကျေနပ်မှုပီတိများဖြင့် နှစ်သိမ့်နေသောသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ရခဲလှသော လူ့ဘ၀၊ ရှိခဲလှသော သူတော်ကောင်းစိတ်၊ တွေ့ခဲလှသော ဘုရားသာသနာ၊ ပြုနိုင်ခဲလှသော ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေး၌ များများပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်သောသူ ဖြစ်မည်ဖြစ်ပါသည်။